Wednesday, November 26, 2008

the art of dancing

ဘိရုမာတင်တဲ့ ရွှေမင်းသားများ
မိုးမခအထောက်တော် ၀၀၃

နိုဝင်ဘာ ၂၆၊ ၂၀၀၈

ပရိသတ်များရွေးချယ်သည့်ကကွက်အတိုင်း ကပြအသုံးတော်ခံမည့် ဖျော်ဖြေပွဲ အစီအစဉ်ကြီး တခုကို မိုးမခတွင် ကြည့်ရှု အားပေးနိုင်ပြီ ဖြစ်သည်။ “၂၀၁၀ အကြို စိန်မျောက်မျောက်တို့ ကတဲ့ပွဲ” ဟု အမည်ပေးထားသော မင်းသားနှစ်ယောက် နှစ်ကိုယ်တော် ကပြသည့် ပွဲအစီအစဉ်ကို ကာတွန်းများ၊ ဂိမ်းများ ဖန်တီးလေ့ရှိသူ ကာတွန်းဘိရုမာက ကမကထပြု စီစဉ် လိုက်ခြင်း ဖြစ်သည်။

http://moemaka.com/images/berumagame03.htm တွင် အခမဲ့ ခံစား ကြည့်ရှုနိုင်သည်။

ခေါင်းအက - ခေါင်းငြိမ်၊ ယိမ်း၊ ပြူတစ်၊ ရှန်တိန်
လက်အက - လက်ငြိမ်၊ ဝှေ့ရမ်းက၊ စက်ရုပ်က၊ လက်လွှဲက
ခြေအက - ခြေငြိမ်၊ ဘေးယိမ်း၊ နောက်ထိုး၊ ခုန်ဆွ တို့မှာ ကပွဲတွင် မျက်နှာမသာမယာဖြစ်နေသူ မင်းသား၏ ကကွက်များ ဖြစ်သည်။

ကျေနပ်နေဟန် မျက်နှာပေးနှင့် မင်းသား၏ ကကွက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ခေါင်းအက - ခေါင်းငြိမ်၊ ညိတ်၊ ရမ်း၊ လိပ်ခေါင်း
လက်အက - လက်ငြိမ်၊ ဗလကြီးက၊ ပုံးဆွဲက၊ ဝှေ့ယမ်းက
ခြေအက - ခြေငြိမ်၊ ကီထိုင်၊ ဘိုကြက်ဖ၊ ချီတက်

ခေါင်း၊ လက်၊ ခြေ တခုခုကို ငြိမ်သက် ရပ်နားစေလိုပါက ခေါင်းငြိမ်၊ လက်ငြိမ်၊ ခြေငြိမ် ဟူသော ခလုတ်များကို နှိပ်ရမည်ဟု ဘီရုမာက ဆိုသည်။

“ကချင်တာက” ဟူသော အထူးခလုတ်ကို နှိပ်လိုက်လျှင် မင်းသားနှစ်ဦးက ၎င်းတို့နှစ်သက်ရာ ကကွက်များဖြင့် အသုံးတော်ခံမည်ဟု ဆိုသည်။ ကကွက်များ ပြောင်းလဲစေလိုပါက အဆိုပါခလုတ်ကို ဆက်တိုက်နှိပ်ရန် လိုအပ်မည်ဟု သိရသည်။

မင်းသားနှစ်ပါးက “နေပြည်တော်မှာ သူမပျော်ပါ၊ ရွှေမြို့သစ်ကိုပြောင်းချင်တာ” ဟူသည့် နောက်ခံသီချင်းဖြင့် တင်ဆက်ထားသည်။

အဆိုပါသီချင်းမှာ ပရိသတ်များ နားစွဲပြီးဖြစ်သည့် “တို့အညာဒေသ ရွာသာယာ၊ ရွာဦးကျောင်းမှ ထိုအနီးအနားမှာ အလွန် ကြည်စိမ်းလဲ့လဲ့ ရေကန်သာ” ဟူသော ဦးဘသိန်း(မန္တလေး)၏ ‘စိမ်းလဲ့ကန်သာ’ သီချင်းအလိုက်ကို ယူထားခြင်းဖြစ်သည်။

ယခု အကပဒေသာပွဲသည် ကာတွန်းဆရာဘိရုမာ၏ တတိယမြောက် ဂိမ်း ဖြစ်သည်။ ဘိရုမာသည် http://thanshwe.blogspot.com/2008/10/ad.html နှင့် http://moemaka.com/images/berumagame02.htm တို့ရှိ ဂိမ်းနှစ်မျိုးကို တီထွင်ခဲ့ပြီးဖြစ်သည်။ အဆိုပါဂိမ်းများမှာ လေးခွ (လေးဂွ၊ ဘတ်ဂွ)၊ ပစ္စတိုသေနတ် တို့ဖြင့် အကြမ်းဖက်၊ ပစ်ခတ်သည့်ကစားနည်းဖြစ်ပြီး၊ ယခု နောက်ဆုံး တီထွင်လိုက်သည့် ဂိမ်းမှာ ဆို၊ က၊ ရေး၊ တီး အနုပညာများကို အားပေး အားမြှောက် ပြုသည့် ဂိမ်း ဖြစ်ကြောင်း ကာတွန်းဆရာက ရှင်းပြသည်။ ။

No comments: