Friday, January 28, 2011

Junta Claus of Burma

Junta Claus of Burma

Tuesday, January 25, 2011

Letter from NPD 02

နေပြည်တော်မှ ပေးသောစာ- ၂
ဘီရုမာ
ဇန်န၀ါရီ ၂၅၊ ၂၀၁၁



မိတ်ဆွေကြီး ကိုကျီး -

ကျန်းခံ့သာလို့ မာပါစဗျာ။


Cartoon Beruma - Acedemy Beruma to be in near future

အကယ်ဒမီ ဘီရုမာ - အလှည့်ကျပေးမည် အကယ်ဒမီ၊ ဆက်ပြီး ဖားနေဖို့သာ လိုပါသည်
Cartoon Beruma - Acedemy Beruma to be in near future

Tuesday, January 18, 2011

Letter from NPD 01

နေပြည်တော်မှ ပေးသောစာ - ၁
ဘီရုမာ
ဇန်န၀ါရီ ၁၉၊ ၂၀၁၁


“---ခံရလွန်းလို့ သိပါတယ်။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်၊ မြန်မာပိုက်ဆံ လို့ ဆိုထားတယ် မဟုတ်လား---”

မိတ်ဆွေကြီး ကိုကျီး -
ကျန်းခံ့သာလို့ မာပါစဗျာ။ ခင်ဗျားတို့လို မြန်မာတနိုင်ငံလုံးကို ဒီမိုကရေစီ ရအောင် လုပ်မယ်၊ လွတ်လပ်ရေးရအောင် လုပ်မယ်လို့ ကြွေးကျော်ပြီး နိုင်ငံခြားမှာ သွားနေကြတဲ့ မိတ်ဆွေတွေ အားလုံးကို သတိရနေမိတယ်ဗျာ။

ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်နဲ့ ဝိုင်းဖွြဲ့ပီး အရည်မရ၊ အဖတ်မရ ပြောမယ့်သူတွေဆိုလို့ ခင်ဗျားတို့ အုပ်စုပဲ ရှိတာကိုးဗျ။ ခုလည်း သတိရတယ် ဆိုကတည်းက ခင်ဗျားတို့ကို ပြောစရာရှိ၊ ကလိကလိ ဖြစ်နေလို့ပေါ့ဗျာ။ မှတ်မိဦးမှာပေါ့ ကိုကျီး။ ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်း တိုက်တဲ့နေ့ကလေ အလံသစ် တင်တဲ့ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ တိတ်တိတ်ကလေး ကျင်းပခဲ့ကြတာကို ပြောတာပါ။ အဲဒီတုန်းကပေါ့ဗျာ။ ခင်ဗျားတို့ကြောင့် ကျုပ် ကောင်းကောင်း အထောင်းခံခဲ့ရတာပေါ့။ ခင်ဗျားတို့ ပြည်ပ မီဒီယာတွေကလည်း စွပ် နှိပ်ကြတော့ ကျုပ်လည်း တော်တော် ချောက်ကျခဲ့ရတာပဲဗျိုး။

အဲဒီ အလံသစ် တင်တုန်းကပေါ့ဗျာ။ ခင်ဗျားတို့ ပြည်ပမီဒီယာတွေက အဝေးကနေ မကြောက်ရတိုင်း နေ့တောင် မကူးဘူး အင်တာနက်တွေ၊ ရေဒီယိုတွေ၊ တီဗီတွေမှာ ဝိုင်း တွယ်လိုက်ကြတာ တပတ်လောက် အသံမစဲ မဟာပဌာန်းပွဲကို ဖြစ်ရောပဲ။ အဲ… နောက်နေ့လည်း ကျရော… ကျုပ်ကို တပ်ချုပ်မင်းကြီးက တန်းခေါ်တော့တာပဲ ကိုကျီး။

ဘာအကြောင်းလဲ ဆိုတော့ အဲဒီအလံရဲ့ ဒီဇိုင်းကို ကျုပ်ကိုယ်တိုင် ရေးခဲ့လို့ပဲ ကိုကျီး။ ဒီလို ပြောလိုက်လို့ ခင်ဗျားတို့တတွေ အံ့ကြီးသြချင် သြကြပေလိမ့်မယ်။ တကယ်တော့ အဲဒီ ဒီဇိုင်းက သူ့ဘေးနားက အခါတော်ပေး ရွှေရေးပန်းကန်တက် ပုဏ္ဏားတော်ကြီးရဲ့ အစီအမံ မဟုတ်ဘူး ကိုကျီး။ ပုဏ္ဏားကြီးက အာပဲ ရွှီးတတ်တာ၊ ပန်းချီဆိုလို့ မျဉ်းဖြောင့်အောင်တောင် ပေတံနဲ့ ဆွဲတတ်တာ မဟုတ်တော့ သူ့ခေါင်းပေါ် ကျလာမယ့် တာဝန်ကို ဘော်လီဘော ပုတ်ထုတ်လိုက်တာပါ။ တိုင်းပြည်ရဲ့ နက္ခတ်အလိုအရ အလံသစ်ရဲ့ ဒီဇိုင်းကို စုတ်တံဆေးရေး ကိုင်စွဲသူတွေ ရေးဆွဲမှ အထမြောက်မယ်လို့ ပုဏ္ဏားတော်က လွှဲချလျှောက်တင်လိုက်တာလေ။ အဲဒီမှာ နေပြည်တော် တနန်းတော်လုံးမှာရှိတဲ့ ကျုပ်တို့ ပန်းချီတော်၊ ဒီဇိုင်းတော်၊ ကာတွန်းတော်တွေ ခေါင်းပေါ် ကျတော့တာပေါ့ဗျာ။ အဲဒီ ပန်းချီတော်တွေ အားလုံးရဲ့ အလံဒီဇိုင်းတွေထဲကမှ ကျုပ်အလံဒီဇိုင်းကို ရွေးချယ်သွားခဲ့တာပဲပေါ့ ကိုကျီး။

ပထမတော့ ကျုပ်လည်း မသိဘူး။ အလံတော်သစ်တင်ပြီး သုံးရက်လောက်မှာ တပ်ချုပ်မင်းကြီးက ခေါ်တယ် ဆိုတော့ အလံတော်သစ်ဒီဇိုင်းကို ရွှေဘောတော်ကျလို့ ဆုတော် လာဘ်တော်များ ချီးမြှောက်ဖို့ရာ ခေါ်တာပဲ ဆိုပြီး တပ်ချုပ်မင်းကြီးဆီကို သူပေးထားတဲ့ သုံးစီးစပ် ဝှက်သောက်ကားကြီး စီးပြီး သွားတာပေါ့လေ။ ဟိုလည်းရောက်ရော ပလ္လင်ပုံဖော်ထားတဲ့ ဆိုဖာကြီးမှာ မိန့်မိန့်ကြီး၊ ခွေခွေလေး ထိုင်နေတဲ့ တပ်ချုပ်မင်းကြီးကို လက်အုပ်လေးချီပြီး ဦးချမယ်လို့ပဲ ပြင်ကာရှိသေးတယ်။ ကျုပ်ငယ်ထိပ်ကို ဆီးကန်ပစ်လိုက်တာ ကျုပ်လည်း ပက်လက်လှန်ထားတဲ့ လိပ်ထီးကလေးလို ယက်ကန်ယက်ကန်ကိုဖြစ်ရောပဲ ဆိုပါတော့ ကိုကျီး။

“---ဘုရင်ဂိုက်ဖမ်း၊ အောက်လက်ငယ်သားတွေ မြောက်ပင့် ပြောသမျှ၊ လျှောက်တင်သမျှ အဟုတ်မှတ်ပြီး လိုက်လုပ်နေတာပဲရှိတာ---”

နောက်ပြီးတော့ ကိုကျီး -
ကျုပ်ကို ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်တာများ မင်းတုန်းမင်း လက်ထက်က အရက်ပုန်း ရောင်းတဲ့ ကျုပ်အဘွားရဲ့ အဘွားရဲ့ အဘွားရဲ့ အဘွားကနေစပြီး ဟိုး…… နောင်လာမယ့် မြေးတော်လေး နေရွှေသွေးအောင် ဘုရင်မင်း လက်ထက်မှာ မွေးဖွားမယ့် မရှိသေးတဲ့ ကျုပ်သမီးလေးပါ မကျန် ရစရာကို မရှိတော့ဘူးဗျိုး။

နောက်တော့မှ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ဆွဲပေးတဲ့ အလံက မြန်မာနိုင်ငံ အဝေးရောက် အစိုးရအလံနဲ့ တူနေလို့တဲ့လေ။ အဲဒီတော့ လူတွေက သူ့ကို အလံခိုးတဲ့ သန်းရွှေ၊ အလံခိုးတဲ့ တပ်ချုပ်ကြီးလို့ ဝိုင်းပြောကုန်ကြပြီ တဲ့လေ။ သူက အဲဒီ အလံခိုး ဆိုတာကြီးကို သူ့ဟာသူ ပြောင်းပြန် ပြန်ကြည့်တော့ နာမှာပေါ့ကွ။ အေး… ကျုပ်ကလည်း သူများ ရှိပြီးသား အလံမှန်း ဘယ်သိမှာလဲ ကိုကျီးရာ မဟုတ်ဘူးလား။ ကျုပ်က အလံတွေ စုံစုံလင်လင် ဆိုလို့ ရွှေဂုံတိုင်လမ်းဆုံက တံဆိပ်ရိုက်ဆိုင်တွေမှာ ချိတ်ထားတဲ့ အလံတွေလောက်သာ တွေ့ဖူးတာ မဟုတ်လား ကိုကျီး။

သူက တနိုင်ငံလုံးကို သိမ်းပိုက်ထားတဲ့ ရေမြေ့သခင် တပ်ချုပ်ဘုရင်ပဲကွာ။ သူနဲ့ စင်ပြိုင် ထောင်ထားတဲ့ လူမသိ၊ သူမသိ အစိုးရအဖွဲ့ရဲ့ အလံဆိုတာ သူသိရမှာပေါ့။ ကျုပ် အလံသစ်ဒီဇိုင်း ပေးတုန်းက ကောင်းလှချည့် ဆိုပြီး သူပဲ ယူထားလိုက်ပြီးတော့။

အင်းလေ… သူလည်း ဘယ်သိရှာမှာလဲ။ ပလ္လင်ပုံစံ ဖော်ထားတဲ့ ဆိုဖာကြီးမှာ ထိုင်ပြီး ရှေးရှေးတုန်းက ဘုရင်ဂိုက်ဖမ်း၊ အောက်လက်ငယ်သားတွေ မြောက်ပင့် ပြောသမျှ၊ လျှောက်တင်သမျှ အဟုတ်မှတ်ပြီး လိုက်လုပ်နေတာပဲရှိတာ။ သူကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဦးနှောက်ရယ် ဘာမှ မရှိပေပဲကိုး။ မဟုတ်ဘူးလား ကိုကျီး။

သူ ကျုပ်တို့ကို အလံသစ်ဒီဇိုင်း စဆွဲခိုင်းတုန်းက ဒီလို ဒီလို လိုချင်တယ် ဆိုပြီး ပြောတဲ့ အချက်အလက်တွေကိုမှတ်၊ ပြီးတော့ သူ့အကြိုက် နက္ခတ်၊ ယတြာလေး ပါအောင် ဆိုပြီး ကိုယ့်ဘာသာကိုယ် ဂဏန်းတွေ၊ နေ့ရက်တွေ လျှောက်တွက်ပြီး ရမ်း ဆွဲလိုက်တာကိုးကွ။ ဒါပေမယ့် ကျုပ် ဆွဲပေးလိုက်တုန်းက သူက ရွှေဘောတော်တွေ လွှတ်ကျပြီး၊ လွှတ် လက်ခံလိုက်တာပဲလေ။ နောက်ဆက်တွဲပြဿနာက ကျုပ်နဲ့မှ မဆိုင်တော့တာပဲကွာ … နော ။ ဒါပေမယ့်လည်း အရှက်ပြေ၊ ကျုပ်အပေါ်အပြစ်ပုံချတာ နေမှာပေါ့လေ။ ကျုပ်လည်း ခံရလွန်းလို့ သိပါတယ်။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်၊ မြန်မာပိုက်ဆံ လို့ ဆိုထားတယ် မဟုတ်လား ကိုကျီး။

ကျုပ်လည်း ရှင်းရှင်းပြောရရင် NCGUB လား ဘာလား၊ မြန်မာနိုင်ငံရဲ့ အဝေးရောက် အစိုးရ တဲ့။ ရှိမှန်းတောင် ကျုပ် ဘယ်သိပါ့မလဲဗျာ။ သူတို့အလံ ဘယ်လိုပုံလဲ၊ ဘယ်ဝါပုံလဲ ဆိုတာ ပိုဝေးတာပေါ့။ ကျုပ်မပြောနဲ့ သူတောင်မှ အလံတင်ပြီးနောက်ပိုင်း ပြည်ပမီဒီယာတွေက သန်းရွှေ အလံခိုးတဲ့ သတင်းတွေ လာတော့မှ သိတဲ့ဥစ္စာကွာ။

ပြီးတော့ ခင်ဗျားတို့ ပြည်ပရောက် ရဲရဲတောက် မီဒီယာတွေက ကျုပ်ဆွဲတဲ့ အလံသစ်ကိုလည်း အဓိပ္ပါယ်တွေ အမျိုးမျိုး ဖွင့်လိုက်ကြသေးတယ်။ တချို့က မင်းကတော် ဒေါ်ကိုင်ကိုင် အိုင်ဒီယာလို့လည်း ဆိုကြပြန်သေး … ဟေး ဟေး … ။ သုံးရောင်ချယ် အလယ်က ကြယ်ကြီးတလုံး ဆိုတော့ ဘာတဲ့ … မင်းသုံးဆက်မှာ ထွန်းလင်းတဲ့သူတယောက် ဆိုတဲ့ အဓိပ္ပါယ်တဲ့။ ထွတ် … ဘယ်ကလာကွာ။ အဲဒီလို တပ်ချုပ်မင်းကြီး လိုက်တွေးနိုင်တဲ့ ခပ်တုံးတုံးအတွေးနဲ့ဆို ငါ့ကို သုံးစီးစပ်တစီး စစ်မှုဇုံ ပြန်ထုတ်တဲ့ ဝှစ်သောက်ကားတွေ၊ လယ်ယာသိမ်းထားတဲ့မြေကွက်တွေ ဘယ်ဆုချမတုန်းကွ။ ဟုတ်ဖူးလား ကိုကျီး။ ခင်ဗျားတို့ကတော့ ကျုပ်နဲ့အတူ တွဲပြီး အနှိပ်ခန်းတွေ၊ ဘာတွေ သွားဖူးတော့ ကျုပ်ဆွဲထားတဲ့ အလံရဲ့ အဓိပ္ပါယ်ကို သိချင်သိမှာပဲ။ မသိလည်း ကျုပ်ပြောပြပါ့မယ်။

ဒီလိုပါ ကိုကျီး -
ကြာတော့ကြာခဲ့ပါပြီ။ ညောင်နှစ်မျှင်မှာ နောက်ဆုံး ညီလာခံလုပ်တုန်းကမှ တပ်ချုပ်ဘုရင်မင်းကြီးက ကျုပ်တို့ နေပြည်တော် နန်းတွင်း ပန်းချီတော်တွေ၊ ကာတွန်းတော်တွေကို ခေါ်ပြီး အလံသစ်ဒီဇိုင်းကို ညတွင်းချင်း အပြီးဆွဲခိုင်းခဲ့တာပါ။ သူက ဒါတွေ ဒါတွေ လိုချင်တယ်ပေါ့ဗျာ။ ဒီလိုဒီလို လုပ်ချင်တယ်ပေါ့ဗျာ။ ဖွင့်ဆိုချက်တွေနဲ့ အဓိပ္ပါယ်အပြည့်ရှိတဲ့ အလံတခု ဖြစ်ရမယ်ပေါ့ဗျာ။ နက္ခတ်၊ ဗေဒင်၊ ယတြာတွေနဲ့လည်း ကိုက်ညီတဲ့ အလံဖြစ်ရမယ်ပေါ့ဗျာ။ ကြည့်လိုက်တာနဲ့ သူ့ရဲ့ ဘုန်းရှိန် ကံရှိန်တွေကို ထင်ဟပ်စေနိုင်တဲ့ ပုံစံဖြစ်ရမယ်ပေါ့ဗျာ။ မြန်မာနိုင်ငံမှာ မင်းအဆက်ဆက်၊ ခေတ်အဆက်ဆက် ရှိခဲ့ဖူးတဲ့ အလံတွေ အားလုံးထက် သာတဲ့ အလံ ဖြစ်ရမယ်ပေါ့ဗျာ။ နိုင်ငံတကာက မြင်လိုက်တာနဲ့ ဦးညွှတ်ကျသွားနိုင်တဲ့ ဒီဇိုင်း ဖြစ်ရမယ်ပေါ့ဗျာ။ ထပ်တရီး… ဒီလောက်များတဲ့ ဟာတွေကို အကုန်လုံးပါအောင် တညတည်းနဲ့ ဘယ် မသာကောင်က ဆွဲပေးနိုင်မှာတုန်းကွာ။ ကျုပ် မပြောလိုက်ချင်ဘူး … ဟုတ်တယ်။

“---ခပ်တုံးတုံးအတွေးနဲ့ဆို ငါ့ကို သုံးစီးစပ်တစီး စစ်မှုဇုံ ပြန်ထုတ်တဲ့ ဝှစ်သောက်ကားတွေ၊ လယ်ယာသိမ်းထားတဲ့မြေကွက်တွေ ဘယ်ဆုချမတုန်းကွ---”

ပြီးတော့ ဗေဒင်နက္ခတ်ကိုက်အောင် ဆွဲစေချင်တယ် ဆိုရင်လည်း နက္ခတ်ကောင်းတဲ့နေ့ရက်ကို တွက်ချက်ပြီး ဆွဲရမှာပေါ့ကွာ။ ခုဟာက နက္ခတ်လည်း မိချင်သေး၊ ဒီညအပြီးဆွဲစေ ဆိုတော့… ကဲ။ ဗေဒင်နက္ခတ်ဆိုတာ ကိုယ်လိုသလို အရာရာကို ထိန်းချုပ်နိုင်တာမှ မဟုတ်ဘဲဗျာ။ သူ ဘုရင် ဆက်မလုပ်ရမှာစိုးလို့၊ သူ သတ်ခဲ့တာတွေ၊ သူ မတရားလုပ်ခဲ့တာတွေကို သူ ပြန်မခံရအောင်လို့ စကြာဝဠာက ကြယ်တွေ၊ ဂြိုဟ်တွေကို လိုက်ရွှေ့လို့ ရတာမှ မဟုတ်တာ … နော ။ ဒါကြောင့် ကျုပ်လည်း ကျုပ်ဟာ ကျုပ်ပဲ စိတ်ထဲရှိတဲ့ ပုံစံတွေ လျှောက်ဆွဲပြီး အဲဒီထဲကမှ ကောင်းမယ်ထင်တဲ့ ဒီဇိုင်းကို ရွေးပြီး မနက်လင်းအားကြီးမှာ သူ့ကို သွားဆက်သခဲ့တာပဲ ကိုကျီး။
“---သိမ်းကြုံးယူသွားသူက တေဇ” ဆိုသလိုများ ဖြစ်မနေပေဘူးလား---”

ကျုပ်က ကျုပ်အလံသစ်ဒီဇိုင်းရဲ့ အဓိပ္ပါယ်တွေ ဖွင့်ပြတော့ အိပ်ရာထစ မျက်ချေးတွေနဲ့ သူ့မျက်နှာကြီး ဝင်းသွားပါလေရော။ ကျုပ်သူ့ကို လျှောက်တင်လိုက်တဲ့ အလံသစ်ရဲ့ အဓိပ္ပါယ်ကတော့ ဒီလိုပါ ကိုကျီး။ အဝါ က သံဃာ၊ အစိမ်းက ကျောင်းသား၊ အနီက တော်လှန်ရေးသမားတွေပေါ့ဗျာ။ အဲဒီ သုံးမျိုးရဲ့ အပေါ်မှာမှ စစ်တပ်ကို ကိုယ်စားပြုတဲ့ ကြယ်ကြီးက ပြူးပြူးကြီး မင်းမူနေတဲ့ သဘော၊ စိုးမိုးထားတဲ့ သဘောလို့ တိုတိုပြတ်ပြတ်ပဲ ပြောရသေးတယ် ဒါကို ယူမယ်။ ဒီဒီဇိုင်းကို ကြိုက်တယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာ ယူထားလိုက်တာပဲ ကိုကျီး။ ကျုပ်ဆွဲတဲ့ အလံသစ်ဒီဇိုင်းက နဂိုစစ်တပ် အလံနဲ့လည်း ဆင်တာကြောင့်လည်း သူ ပိုကြိုက်သွားတာ ဖြစ်မှာပေါ့ဗျာ။ အခုကျမှ ကံအကြောင်း တရားမလှလို့ ခင်ဗျားတို့ အဝေးရောက် မီဒီယာတွေရဲ့ ကောင်းမှုနဲ့ အဝေးရောက် အစိုးရအလံနဲ့ သွားတူနေတယ် ဆိုကာမှ ကျုပ်အပေါ် အပြစ်တွေ ပုံချတာကတော့ လွန်တယ်လို့ မထင်ဘူးလားဗျာ။ ဟိုဇာတ်တော်ထဲကလို “အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧက္ကရာဇ်၊ လေးပစ်သူ ဘုရား ကျွန်တော်၊ သိမ်းကြုံးယူသွားသူက တေဇ” ဆိုသလိုများ ဖြစ်မနေပေဘူးလား ကိုကျီး။

ပြည်သူအများ ဒီမိုကရေစီ မြန်မြန်ရအောင် ဒီမိုကရေစီရှိပြီးသား နိုင်ငံတွေကို ရောက်နိုင်ကြပါစေ။

သောက်ဖော် သောက်ဖက်၊ သွားဖော် သွားဖက်တွေကို သတိရလျက် - ဘီရုမာ

Monday, January 17, 2011

military draft law

Cartoon Beruma - military draft law
သင့်ကို တပ်မတော်က အလိုရှိသည်

Friday, January 14, 2011

Monday, January 3, 2011

Cartoon Beruma - Regime in 2011 - leading sinking ship


Cartoon Beruma - Regime in 2011 - leading sinking ship

happy new year!
၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏